-moz-user-select:none; -webkit-user-select:none; -khtml-user-select:none; -ms-user-select:none; user-select:none;

Tuesday 18 March 2014

ခရီးဝင်္ကပါ





ခရီးကွန်ခြာ၊ ၀င်္ကပါကို
ငါလျှင်တစ်ယောက်၊ အားသွန်လျှောက်ခဲ့။

နှလုံးကြေကွဲ၊ ရင်နာပွဲနှင့်
လိမ့်လဲလွင့်ကြွေ၊ စိမ့်မျက်ရည်နှင့်
အခြေမလှ၊ သည်ဘ၀၌
နှင်ရသည်မှာ၊ မောစရာပင်။

ပမာငါ့တူ၊ လွင့်မျောသူတို့
ကမူတစ်ကွေ့၊ ကြုံမတွေ့လို
ဖေးမကြိုတွဲ၊ ဖော်သဟဲလည်း
မြိုင်ထဲရဂုံ၊ ငါမဆုံလို။

တောင်ညိုမြင့်မား၊ ကမ်းပါးနက်စောက်
ခြိမ်းဟောက် သားရဲ၊ မြွေခဲ ကင်းမှောင့်
ဆူးငြောင့် ခလုတ်၊ သစ်ငုတ် ခယောင်း
ချုံပေါင်း နွယ်လျှိုး၊ ဇွတ်ရှေ့တိုးလျက်
မစိုး မနှောင့်၊ မကြောက် မလန့်
မရပ်တန့်လို။

ငိုရယ် ကြည်နူး၊ လှိုက်မူး ဗျာပွေ
ကြမ်းထွေ ခက်ခက်၊ တက်သက် ရုန်းကန်
ဘ၀မာန်ဖြင့်၊ အံကိုခဲ၍ နွှဲပါမည်။

စဦးမထင်၊ ဆုံးမမြင်သည်
နှင်၍မပြီး၊ သည်ခရီး၌
ကိုယ်ထီးသာပင်၊ လျှောက်နေချင်သည်
ဘယ်တွင် ဆုံးရိပ်မမျှော်လို။

စိန်စိန်

[ ၂၀၀၂ ခုနှစ် မတ်လလောက်က ဆရာမ စိန်စိန်ခရီးဝင်္ကပါ စာအုပ်ကို ဖတ်ပြီး သည်ကဗျာလေးကို ဗလာစာအုပ်ထဲ ကူးယူ ထားခဲ့သည်။ စိတ်ထဲမှာလည်း တော်တော်လေး စွဲထင်လို့နေခဲ့သည်။ ယခုတစ်ခေါက် အိမ်ပြန်တော့ ထိုအမှတ်တရ စာအုပ်များ ယူလာခဲ့သည်မို့ စာချစ်သူမောင်နှမများကိုလည်း မျှဝေရအောင် ဘလော့လေးမှာ ခုလို တင်လိုက်ရပါသည်။ ]

2 comments:

  1. ကဗျာလေးက လောကဓံတရားကို ညွှန်ဖွဲ့သွားတာ နူးနူးညံ့ညံ့နဲ့ လေးလေးနက်နက်လေးရယ်.....
    ရောက်ခဲ့တယ်နော် ...ရင်ငြိမ်း :)

    ReplyDelete
  2. ကဗျာကောင်းလေးဖတ်ခဲ့ရတယ် ရင်ငြးရဲ့လင့်လေးကိုလဲ ယူသွားတယ်နော်

    ReplyDelete