(၁)
ဆရာထွန်းစကားအဆုံးမှာ အစောက စာသင်ရတာ ကြာလာ၍ ညွတ်ကိုင်းကွေးကျလာသော
ခါးသည် ဆတ်ခနဲ မတ်သွားပြီး ခြေဖျားလက်ဖျားများ ထူးဆန်းစွာ အေးလာသည်ထိ စိတ်လှုပ်ရှားသွားရသည်။ တစ်ဦးတစ်ယောက်ဆီမှ ကန့် ကွက်သံ ပေါ်ထွက်လာလေမလား စောင့်နေမိသော်လည်း စာသင်ခန်းသည်
ငြိမ်သက်မြဲ ငြိမ်သက်လျက်။ တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက်။ မိုရ်ဇင် ကပင် လက်ညှိုးလေးထောင်ကာ
နောက်တစ်ရက်သို့ ရွှေ့ဆိုင်းပေးပါရန် တောင်းဆိုရလေမလား တွေးလိုက်မိသော်
လည်း ထိုအတွေးကို ကိုယ့်ဘာသာကိုယ် ရုတ်ခြည်း ပယ်ချလိုက်ရသည်။ အကြောင်းရင်းကို သေချာပေါက်မေးလာမည့် ဆရာ့ကို မည်သို့တုံ့ပြန်ရမည်နည်း။ သူမမှာ အဖြေမရှိ။ အမှန်တော့ အဖြေမရှိဆိုတာထက် ထိုအဖြေကို တရားဝင် ဖွင့်ဟမကြေညာဝံ့သည့် အဖြစ်ကသာ သူမကို အခက်တွေ့နေစေခြင်းဖြစ်သည်။
ဆရာသည် မိနစ်ပိုင်းမျှ စောင့်ပြီးနောက် အားလုံးသဘောတူညီသည်ဟု ယူဆပြီး ရှေ့ဘက်လှည့် ကာ သင်ခန်းစာကို ဆက်သင်ချေလေပြီ။ မိုရ်ဇင့်မှာသာ စာထဲအာရုံနှစ်မရတော့ဘဲ ဆရာ့စကားနှင့် မိုရ်ဇင့်အတွေး လုံးထွေးရစ်ပတ်ကာ ရှုပ်ထွေးနောက်ကျိနေတော့သည်။
လည်း ထိုအတွေးကို ကိုယ့်ဘာသာကိုယ် ရုတ်ခြည်း ပယ်ချလိုက်ရသည်။ အကြောင်းရင်းကို သေချာပေါက်မေးလာမည့် ဆရာ့ကို မည်သို့တုံ့ပြန်ရမည်နည်း။ သူမမှာ အဖြေမရှိ။ အမှန်တော့ အဖြေမရှိဆိုတာထက် ထိုအဖြေကို တရားဝင် ဖွင့်ဟမကြေညာဝံ့သည့် အဖြစ်ကသာ သူမကို အခက်တွေ့နေစေခြင်းဖြစ်သည်။
ဆရာသည် မိနစ်ပိုင်းမျှ စောင့်ပြီးနောက် အားလုံးသဘောတူညီသည်ဟု ယူဆပြီး ရှေ့ဘက်လှည့် ကာ သင်ခန်းစာကို ဆက်သင်ချေလေပြီ။ မိုရ်ဇင့်မှာသာ စာထဲအာရုံနှစ်မရတော့ဘဲ ဆရာ့စကားနှင့် မိုရ်ဇင့်အတွေး လုံးထွေးရစ်ပတ်ကာ ရှုပ်ထွေးနောက်ကျိနေတော့သည်။
တစ်ကယ်ဆိုလျှင် သည် “ ဥယျာဉ်မှူး ” စာသင်၊ စာကျက်ဝိုင်းသည်
တစ်ဝိုင်း၌ နှစ်ဆယ်ဦးသာ လက်ခံပြီး အသင်အပြပိုင်းရော အုပ်ချုပ်မှုစည်းကမ်းပိုင်းမှာပါ
မိုရ်ဇင်တို့ ရပ်ကွက်ငယ်လေးထဲမှာ နာမည်ရသည်။ မိုရ်ဇင်တို့လို တစ်ဘာသာချင်းစီကို စိတ်ကြိုက်ဆရာ၊
ဆရာမ အိမ်ခေါ်ငှားမသင် နိုင်သူများအဖို့ အားကိုးမည်ဆို အားကိုးလောက်သည်။ နှစ်စဉ် အောင်ချက်ရာနှုန်းလည်း
မဆိုးလှချေ။ သို့ပေမဲ့ ဂုဏ်ထူးမှတ်မက အမှတ်တစ်ရာထိမှန်းထားသည့် မိုရ်ဇင့်အတွက် စင်းလုံးချော
မဟုတ်ခဲ့ချေ။
အထူးသဖြင့် သင်္ချာဆရာသည် သင်္ချာပုစ္ဆာများကို အဆင့်ကျော်တွက်ပြလွန်းသည်ဟု
ဆရာထက် တစ်လ ကြီးကာ တွေးထင်သည်။ ရူပဗေဒဆရာက ရူပဗေဒဆိုင်ရာသီအိုရီတစ်ပုဒ်သင်လျှင် ထို
သဘောတရားနှင့် ဆက်နွယ်ပြီး မပြီးဆုံးတော့။ ဗဟုသုတအလို့ငှာ ၀မ်းမြောက်ဖွယ်ဆိုသော်လည်း
အချိန် ကန့်သတ်မှု ဘောင် အတွင်းမှာ သတ်မှတ်သင်ရိုးကျေညက်ပြီး အရည်အချင်းစစ်စာမေးပွဲကို ကျော်လွန်ဖို့သည်သာ ပဓာန ဖြစ်သည့် မိုရ်ဇင့်တို့အတွက်တော့
ဝမ်းမသာနိုင်ချေ။ သည်ဝိုင်းမှ သဘောမတွေ့သည့် ထိုနှစ်ဘာသာကို ဖဲ့ပြီး အခြားတစ်ဝိုင်းမှ
ပြောင်းသင်ဖို့ စဉ်းစားခဲ့သော်လည်း ကျောင်းချိန်ရယ် စာသင်ဝိုင်းတစ်ဝိုင်းတည်း အချိန်ရယ်တောင်
အတော်လေး ညှိနေရတော့ မိုရ်ဇင် အင်မတန်မှ အကျပ်တွေ့လှသည်။
ထိုအချိန်မှာပင် မေမေက
သတင်းစကားတစ်ခုကို ဆောင်ယူလာခဲ့သည်။ ထိုသတင်း ကို မေမေ ပြောပြနေတုန်းမှာ မိုရ်ဇင်မျက်လုံးတွေသည်
တဖျတ်ဖျတ်အရောင်လက် လို့။ မေမေ၏အပေါင်းအသင်းများသောအချက်က သည်တစ်ကြိမ် နေရာကျသွားခဲ့သည်။
မေမေ့ သူငယ်ချင်း၏ အညွှန်းအရ တုံးပေ့၊ ထုံပေ့၊ ကြိုးစားလိုစိတ်ဖျော့တော့သော မေမေ့သူငယ်
ချင်း၏ တူမလေးသည် ထိုဂိုက်ဆရာ၏ သင်ပြမှု၊ ဆွဲခေါ်မှု၊ ဂရုစိုက်မှုတွေကြောင့် တက္ကသိုလ်ဝင်တန်း ကို
အောင်မှတ်ထက်ကို များစွာကျော်လွန်ပြီး အောင်သွားခဲ့သည်။
မိုရ်ဇင်လည်း ထိုဂိုက်ဆရာနှင့်သင်ချင်သည်ဟု မေမေ့ကို အတင်းပူဆာခဲ့သည်။
ပုံမှန်အားဖြင့် စာသင်နှစ်တစ်နှစ် ကြို စာရင်းပေးရသော ထိုဂိုက်နှင့်သင်ရဖို့အတွက် မေမေ့သူငယ်ချင်းကို
အဖော် ခေါ်ပြီး ဂိုက်ဆရာနေသည့် အိမ်ထိပင် ရောက်သည်။ တစ်ကြိမ်မှနှစ်ကြိမ်၊ နှစ်ကြိမ်မှသုံးကြိမ်
မိုရ်ဇင် တို့ကိုအားနာ၍
ထင်သည်။ သူ၏နားချိန်မှ မိုရ်ဇင့်အတွက် တစ်ပတ်လေးရက် အချိန်ပိုင်းကို ဖဲ့ပေး သည်။ မိုရ်ဇင့်မှာ
အချိန်အရွှေ့အပြောင်းလုပ်၍မရ။ မနက်ဖြန်နံနက် ဆရာထွန်းသင်မည့် အချိန်ပို အချိန်သည် မိုရ်ဇင်ဂိုက်အချိန်နှင့်
တိုက်နေခဲ့သည်။
ဘေးမှ သူငယ်ချင်းမ
တွယ်တာကလည်း တံတောင်ဖြင့်ထိကာ သင်ရိုးစာအုပ် အောက်ခြေ၌ သူမ ရေးထားသော စာကိုပြသည်။
" မနက်ဖြန် အပိုချိန် နံနက်ခုနစ်နာရီ စမှာကို ငါမမှီလောက်ဘူးထင်တယ်။ ငါက နံနက်ဆိုစောစော မထနိုင်ဘူး။ "
" မနက်ဖြန် အပိုချိန် နံနက်ခုနစ်နာရီ စမှာကို ငါမမှီလောက်ဘူးထင်တယ်။ ငါက နံနက်ဆိုစောစော မထနိုင်ဘူး။ "
မိုရ်ဇင်ခေါင်းအသာညိတ်ပြလိုက်သည်။
ခုနေများ မိုရ်ဇင်က တွယ်တာ့ကို သူမ၏ရွေးချယ်ရခက်မှုအား မျှဝေလျှင် ပထမတော့ အံ့သြစွာ ကြောင်ငေး ကြည့် လိမ့်မည်။ တဖြည်းဖြည်း ရင်းနှီးခင်မင်မှုသံယောဇဉ်ကို သစ္စာဖောက်ခံရလေ ခြင်းဟုတွေးကာ ရွံရှာ စက်ဆုပ်စွာ မျက်နှာ လွှဲသွားပေလိမ့်မည်။ သို့အတွက် ထွက်ကျလုဆဲဆဲ စကားလုံးများကို ကိုယ့်တံတွေးဖြင့် ခပ်သွက်သွက် မျိုချလိုက်ရ သည်။ မိုရ်ဇင်က ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားထားရသမျှ သူတပါးအား လွယ်လင့်တကူ အဆင့်သင့်လေး မခူးဆွတ်စေလို။ ကန့်လန့်ကာချသည်ထိ ဖုံးကွယ်လို့ရနိုင်၊ မရနိုင် မသေချာသော်လည်း ဖုံးကွယ်ရသမျှ ဖုံးကွယ် လိုခြင်းက သူမအတ္တသာ။
တစ်ခုကို ပိုင်ဆိုင်လိုလျှင် တစ်ခုကို လက်လွှတ်ရမည့်သဘောတရားအရ မည့်သည့်အရာကို ဆုပ် ထားပြီး မည်သည့် အရာကိုလွှတ်ချနိုင်မည်လဲကိုတော့ မိုရ်ဇင်ကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်သေး ချေ။ အရာတိုင်းကို ဆုပ်ကိုင်ထားလို သည့် လောဘစိတ်က ဦးဆောင်ခဲ့လို့လည်း ခုချိန်၊ ခုလို ဗျာများနေရခြင်းဖြစ်သည်။
ခုနေများ မိုရ်ဇင်က တွယ်တာ့ကို သူမ၏ရွေးချယ်ရခက်မှုအား မျှဝေလျှင် ပထမတော့ အံ့သြစွာ ကြောင်ငေး ကြည့် လိမ့်မည်။ တဖြည်းဖြည်း ရင်းနှီးခင်မင်မှုသံယောဇဉ်ကို သစ္စာဖောက်ခံရလေ ခြင်းဟုတွေးကာ ရွံရှာ စက်ဆုပ်စွာ မျက်နှာ လွှဲသွားပေလိမ့်မည်။ သို့အတွက် ထွက်ကျလုဆဲဆဲ စကားလုံးများကို ကိုယ့်တံတွေးဖြင့် ခပ်သွက်သွက် မျိုချလိုက်ရ သည်။ မိုရ်ဇင်က ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားထားရသမျှ သူတပါးအား လွယ်လင့်တကူ အဆင့်သင့်လေး မခူးဆွတ်စေလို။ ကန့်လန့်ကာချသည်ထိ ဖုံးကွယ်လို့ရနိုင်၊ မရနိုင် မသေချာသော်လည်း ဖုံးကွယ်ရသမျှ ဖုံးကွယ် လိုခြင်းက သူမအတ္တသာ။
တစ်ခုကို ပိုင်ဆိုင်လိုလျှင် တစ်ခုကို လက်လွှတ်ရမည့်သဘောတရားအရ မည့်သည့်အရာကို ဆုပ် ထားပြီး မည်သည့် အရာကိုလွှတ်ချနိုင်မည်လဲကိုတော့ မိုရ်ဇင်ကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်သေး ချေ။ အရာတိုင်းကို ဆုပ်ကိုင်ထားလို သည့် လောဘစိတ်က ဦးဆောင်ခဲ့လို့လည်း ခုချိန်၊ ခုလို ဗျာများနေရခြင်းဖြစ်သည်။
(၂)
စိတ်ရှုပ်ထွေးစွာဖြင့် စာသင်ခဲ့ပြီး အိမ်ရောက်လေသောအခါ နှလုံးဆောင့်စရာ
အဖြစ်အပျက်က ဆီးကြိုနေခဲ့လေသည်။
(၃)
" လှနဂိုယဉ် ရော ... မေကြီး "
စာကြည့်စားပွဲ၌ ရှိနေရမည့်အချိန် ညီမလေးကို မမြင်မိသဖြင့်
မေကြီးအား မေးကြည့်မိသည်။
" သမီး ညီမရယ်လေ ... တစ်လမ်းကျော်က သူ့ သူငယ်ချင်း ဇီဇ၀ါတို့
ဘုရားကိုးဆူအလှူ သွားကူ လေရဲ့။ "
မိုရ်ဇင်သည် ကျောမှ ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ် ဖုန်းခနဲ
ပစ်ချလိုက်ပြီး ခန္ဓာကိုယ်ကို ထိုင်ခုံ ပေါ် ၀ုန်းခနဲ ထိုင်ချလိုက်သည်။
မေမေသည် အအေးခွက်ကို ကမ်းပေးသည်။ ၀မ်းမှမွေးထုတ်ထားသည့်သမီး၊
ဆယ်တန်း ကျောင်းသူကြီး မြမြင့်မိုရ်ဇင် ကို ခုနေ နားချေတော့ဟု တားလည်း မထူးမည့်တူတူ
အအေးသောက် ရင်း အမောဖြေရင်း နားလိုက်၊ ပြောလိုက် လုပ် စေခြင်းက သာ၍ ကောင်းမှန်း မေမေရိပ်မိသည်။
မေမေသည် မိုရ်ဇင်နှင့်မနီးမဝေးမှာ ထိုင်ရင်း တရားစာရွတ်ကာ မိုရ်ဇင့်အသံကို နားစွင့်နေသည်
ထင်သည်။ ဆယ်တန်းကျောင်းသူကြီးမို့ လွှတ်ထားလိုက်တာလည်း ဖြစ်နိုင်သည်။
မေမေ့ကိုကြည့်ရင်း မိုရ်ဇင်ဒေါသတွေ လည်ချောင်းဝ၌ တစ်ဆို့ကုန်သည်။
ဒေါသကြောင့် ချွေးတို့ စီးကျလာသည်။ ယပ် တောင်ဖြင့် တဖျတ်ဖျတ်ခတ်နေလိုက်ရသည်။
မိုရ်ဇင်တို့မိသားစုမှာ အမြဲ နှစ်ဖွဲ့ကွဲရသည်။ အရာရာကို ပြင်းပြင်းပျပျရှိလွန်းသူ
မိုရ်ဇင်နှင့် အေးအေး သက်သာ နေတတ်သူ မေမေနှင့်ညီမလေး။ ညီမလေးက အပေါင်းအသင်းမင်သည်။
အဖော် အသင်းမက်သည်။ ညီမလေးက ချွဲလျှင် မေမေက စိတ်ပျော့သည်။ သူငယ်ချင်းဆွယ်လျှင် ညီမလေးက
လွယ်သည်။ သူငယ်ချင်းချွေလျှင် ညီမလေးက ကြွေသည်။ သူငယ်ချင်းမွေးနေ့ဆို လည်း သူ့ကိုခင်သော၊
သူကခင်သောမို့ အကြောင်းပြသည်။ သူငယ်ချင်းအိမ်က အလှူ ဆိုလည်း သွားကူမှကောင်းမည်ဟု မျက်နှာငယ်လေးနှင့်
ခွင့်တောင်းသည်။ ဘ၀အတွက် ကြိုးစားရမည့် အချိန်မှာ သူ့အချိန်တွေ လေလွင့်တာ၊ အကျိုးမဲ့တာ
သူမသိသေး။ ကြိုးစားလိုစိတ်ဆိုတာလည်း တကယ်တော့ အလေ့အကျင့် ပင်။ စနစ်ဇယားနှင့် ငယ်ကတည်းက
အသားကျတတ်ပါမှ။
မိုရ်ဇင်သည် အစ်မအကြီးအနေနှင့် ညီမလေးကို ကိုယ့်ထက်သာလိုသည်။
မိုရ်ဇင်က ဆယ်တန်းကို အမှတ်တစ်ရာ လောက်သာ မှန်းချိန်မှာ ညီမလေးကို တစ်နိုင်ငံလုံး ပထမထိ
မှန်းစေလိုသည်။ ခုကတည်းက အခြေခံ ပိုင်စေလိုသည်။ တကယ်တော့ မေမေ့ကိုလည်း မိုရ်ဇင် အားမရ။
အစ်မ တစ်ယောက်က ညီမတစ်ယောက်ပေါ် လွှမ်းမိုးနိုင်မှုထက် မိခင်၏စကားက သမီးအပေါ် ပိုပြီး
တာသွားပေလိမ့်မည်။
(၄)
ပတ်ဝန်းကျင်ဆိုသည်လည်း မျက်စိကွယ်နားကွယ် မဟုတ်လေတော့ မိုရ်ဇင်အိမ်သို့
ဂိုက်ဆရာ အ၀င်အထွက်ကို ကြာကြာဖုံးမထားနိုင်။ မိုရ်ဇင့်သူငယ်ချင်းမ တွယ်တာနှင့်အတန်းဖော်တချို့
သူတို့နှစ်သက်ရာ အစ်မတစ်ဦးဆီမှာ စာတူတူ ကျက်ကြသည်။ မိုရ်ဇင့်ကို မတိုင်ပင်သလို ဖွင့်လည်းမပြောကြ။
မိုရ်ဇင်လည်း မျက်စိတို့ နားတို့ကွယ်နေသည်မှ မဟုတ်သည်လေ။ သို့ပေမဲ့ အချင်းချင်း အပြုံးမပျက်ကြ။
လက်တွဲထားမြဲ။ ရင်ထဲက တစုံတရာ မှေးမှိန်ခဲ့သည်က လွဲလျှင်။
(၅)
မိုရ်ဇင်စိတ်ကိုသိသဖြင့်
ညီမလေးသည် မိုရ်ဇင်ရှေ့၌ ယုန်ငယ်လေးသဖွယ် စာဖတ်ရှာသည်။ သို့ပေမဲ့ နောက်ကွယ်မှာ တော့
လုံအောင်ပုန်းလျှင် ကွယ်မည် အထင်အတွေးနှင့် သူ့ သူငယ်ချင်း များကို တွယ်တာဆဲ။ အချိန်ပေးဆဲ။
တစ်ဆင့် တက်၍ သူငယ်ချင်း၏ သူငယ်ချင်းများကိုပင် ကူညီ လိုက်သေးသည်။ မိုရ်ဇင်လည်း ဘ၀၏လှေခါးတစ်ထစ်အတွက်
ရုန်းကန်ကုတ်တွယ်နေချိန်မို့ အသာမျက်စိမှိတ်ထားလိုက်သည်။ အစ်မတစ်ယောက်အနေနှင့် အောင်မြင်မှု၏
ချိုမြိန် ခြင်းကို ဦးဆောင်သောက်သုံး ပြခြင်းဖြင့် ညီမလေးကို စိတ်လည်လာစေရန် တေးထားလိုက်သည်။
မိုရ်ဇင်မျှော်လင့် သော ထိုနေ့သည် မဝေးတော့ဟု မိုရ်ဇင် ယုံကြည်သည်။
(၆)
မိုရ်ဇင်ပြုံးနေသည်။
မေမေလည်းပြုံးနေသည်။ အထူးသဖြင့် မျက်ဝန်းထောင့်မှ ညီမလေး၏ အပြုံး ကို လှမ်းမြင်လိုက်ခြင်း
ဖြစ်သည်။
ဘ၀မှာ ကြက်သားပလာတာကို
အကြိမ်ရေများစွာ စားခဲ့ဖူးသော်လည်း ယနေ့လောက် အရသာ ရှိအံ့မထင်။ ချီးကျူးသံများ၊ အားကျမှုများ
အလယ်၌ မိုရ်ဇင်သည် မေမေ့အပေါင်းအသင်းများ၏ အနာဂတ်အလေးများအတွက် စံပြဖြစ်သ လို ချစ်ရသော
ညီမလေး၏ စံပြအစ်မလည်း ဖြစ်ခွင့်ရ သည့်အတွက် ကြည်နူးမိသည်။ တစ်နိုင်ငံလုံးအဆင့်ဖြင့်
မယှဉ် နိုင်သော်လည်း ငါးဘာသာအား သည် မိုရ်ဇင်တို့ရပ်ကွက်ထဲမှာတော့ စတားဖြစ်သွားခဲ့သည်။
(၇)
တစ်စုံတစ်ယောက်မြင်သွားမည်အလား
ပုဏ္ဍရိတ်ရုံများကို ကွယ်ကာ မိုရ်ဇင်တို့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေကြသည်။ တစ်ယောက်ယောက်
ကြားသွားမည်အလား လေသံကို နိမ့်ထားကြသည်။ အမှန် တော့ သည်ကွန်ပျူတာတက္ကသိုလ် မှာ အားလုံးက
သူတို့အာရုံနှင့်သူ။ သူတို့အတွေးနှင့်သူ။ မိုရ်ဇင်တို့သည် တစ်ယောက်က အဆိုပြုလျှင် တစ်ယောက်က
ကန့်ကွက်သည်။ တစ်ယောက်က အကြံပြုလျှင် တစ်ယောက်က ပယ်ချသည်။
“ ဟာ … သရဖီရည်းစားက ဆရာမဒေါ်စောရဲ့တူလေ။ ငါတို့ ဆရာမစောရဲ့
ပြိုင်ဘက်ဆီမှာ ကျူရှင် သင်တာကို သရဖီက သူ့ရည်းစားကို မပြောဘဲနေမှာလား။ တူနဲ့အဒေါ်ကရော
စကားမဆက် စပ် နိုင်ဘူးလား။ ”
“ တကူးလောက် နှုတ်ဖွာတာ တကူးအပြင်မရှိဘူး။ သူ့ကိုတော့ အသိပေးလို့
ဖြစ်ကိုမဖြစ်ဘူး။ ”
အချိန်ဟူသည် ရပ်တန့်နေသော ရထားတစ်စင်းမဟုတ်ခဲ့လေတော့ ...။
" ဟယ်လို ..တွယ်တာလား။ "
" မြမြင့်မိုရ်ဇင်ပါ ... ညနေ ၀ိုင်ကေကေအိုမှာ ဆုံရအောင်လေ။
တို့တွေ မတွေ့တာလည်း ကြာပြီ မဟုတ်လား။ မိုရ်ဇင် ကျွေးမှာပါ။ "
" အော် ... မိတ်ဆွေတစ်ယောက်နဲ့ ချိန်းထားပြီးသားလား။
ဒါဆို လာမဲ့စနေရော။ "
" အင်းလေ ... ဘန်ကောက်သွားမယ်ဆိုတော့လည်း ... နောက်တော့
အချိန်ရရင် ဖုံးခေါ်လိုက် လေနော်။ "
" တကူးရေ ... ဘာတွေလုပ်။ အေးဆေးပဲမဟုတ်လား။ ညနေ တကူးတို့ဘက်
ရောက်မှာမို့လေ။ အိမ်မှာရှိမလား။ "
" ဒီလိုပါပဲ။ သူဌေးရဲ့ လက်ရုံးအဆင့်တော့မဟုတ်ပါဘူးကွာ။
ခေတ်ရေစီးမှာ မမြုပ်အောင်တော့ ကူးခတ်နေရတာပါပဲ။ ညနေ နှစ်ချုပ်အစည်းအဝေးပြီးရင်တော့
နည်းနည်းပေါ့သွားပြီ တကူးရဲ့။ "
" အားမနာပါနဲ့။ ဧည့်သည်တွေနဲ့ အိမ်မှာ ရှုပ်နေတယ်ဆိုတော့လည်း
... မိုရ်ဇင်က အားနာရမှာပါ။ SEE YOU LATER! နော်။ "
(၉)
" လှနဂိုယဉ် ရော ... မေကြီး "
ခရစ်စမတ်ပိတ်ရက်မတိုင်ခင် ကုမ္ပဏီမှ နှစ်ချုပ်အစည်းအဝေးအပြီး
အိမ်ပြန်လာသောအခါ ညီမလေးကို မမြင်မိသဖြင့် မေကြီးအား
မေးကြည့်မိသည်။
" သမီးညီမရယ်လေ ... သူတို့ဆေးက သူငယ်ချင်းကောင်လေးကားနဲ့
စုပြီး ကျိုက်ထီးရိုးဘုရားဖူး သွားလေရဲ့။ "
" တည်းဖို့ရော စားဖို့ပါ သူငယ်ချင်းအမေရဲ့ ဟိုတယ်မှာပဲတဲ့...။
သမီးညီမ အကုန်အကျများလိမ့်အုံး မယ်။ လူစိုက်ပြီး ပျော်လို့ မြူးလို့လိုက်သွားလေရဲ့။"
မြမြင့်မိုရ်ဇင်သည် ပခုံး၌ စလွယ်သိုင်းထားသည့် ပါးပါးပြားပြား
ပိုက်ဆံအိတ်ကို အလွန်လေးလာ သည့် ခံစားမှုမျိုးနှင့် အနီးဆုံးစားပွဲပေါ် ပစ်တင်လိုက်ရသည်။
မေမေ၏ " ထမင်းစားတော့မလား။ " အမေးကိုတောင် ခေါင်းတစ်ချက်သာ ယမ်းပြနိုင်သည်။
အားအင်တို့စုပ်ယူခံလိုက်ရသည့်နှယ် မွေ့ယာပေါ် ပစ်လှဲလိုက်သည်။ ပထမ ပက်လက်လှန်ကာ မျက်တောင်လေး
ပုတ်ခတ် ပုတ်ခတ် လုပ်နေသေးသည်။ နောက်တော့ မှောက်ခုံအိပ်ကာ အရည်တချို့ခေါင်းအုန်း ပေါ်ရွှဲသွားသည်။
အို ... မိုရ်ဇင်ငိုနေလေသလား။
အလန့်တကြား ထထိုင်လိုက်သည်။ မျက်ရည်ဆိုတာ မိုရ်ဇင်နှင့် မည်သို့မှ
မသက်ဆိုင်ချေ။ စိတ်ကို တင်းသည်။ အံကို ကြိတ်သည်။ မာန်ကိုသွင်းသည်။ သို့ပေမဲ့ ပါးပြင်၌
စိုရွှဲဆဲ။
(၁၀)
မိုရ်ဇင်တို့သည် ပေးဆပ်မျှဝေဖူးသည်များနှင့် သာတူ ညီမျှမှု များသာ ပြန်လည် ပိုင်ဆိုင်ခွင့်ရကြသည် မှာ တကယ်တော့လည်း မထူးဆန်းချေ။
ရင်ငြိမ်းသူ(မော်လမြိုင်)
စရေးရက် - ၂၅.၁၂.၂၀၁၄(ဗုဒ္ဓဟူး)
စာပြီးရက် - ၄.၁.၂၀၁၄(စနေ)
မိသားစု သံယောဇဉ်အရေးလေး၊ ဖတ်ခဲ့တယ် ရင်ငြိမ်း :)
ReplyDelete၀တ္ထုကလေးက ကောင်းသား.. ရင်ငြိမ်းရေ.. မကြာမကြာ လာလာဖတ်ပါ့မယ်..
ReplyDeleteချစ်ခင်စွာဖြင့်
ညလေးချို
လင့်ခ်ချိတ်လိုက်ပြီနော် နောက်ဆိုရင် အမြဲဖတ်လို့ရပြီ ရင်ငြိမ်းသူရေ...
ReplyDelete၀တ္ထုလေးအားပေးသွားတယ်နော်...
မေတ္တာဖြင့်
တီတင့်
စာလာဖတ်သွားတယ်သူငယ်ချင်းရေ 2014 ကတည်းက ရေးပြီးထားတာ အခုမှတင်တာပေါ့လေ
ReplyDeleteohh sorry.အခုမှတွေ့တယ် တင်တဲ့ရက်ကို :)
ReplyDelete