အဲ့နာရီ အနီလေးပေါ့။ တနလာင်္ ကနေ သောကြာ မနက်တိုင်း ခြောက်နာရီခွဲဆို အသံမြည်ပြီ။ သူမြည်တိုင်း ထစရာလား။ မြည်ပေါ့။ ပြန်ပိတ်ပြီး ပြန်အိပ်တော့ရော ... ဘာဖြစ်သေးလဲ။ ညအိပ်ခါနီးတိုင်းတော့ စောစော အိပ်ပြီး စောစောထမယ်လို့ မုဒ်သွင်းပါတယ်။ အိပ်ချိန်က ၁၂ခွဲထက် ဘယ်တော့မှ မစော။ မနက်ခင်း အသံ မြည်တိုင်းမှာတော့ .....
ခြောက်နာရီခွဲကနေ ခြောက်နာရီလေးဆယ့်ငါးကို ပထမရွှေ့တယ်။ ဒုတိယ ခုနစ်နာရီကို ထပ်ရွှေ့တယ်။ တကယ်တမ်းက ခုနစ်နာရီဆယ်မိနစ်မှထတာ။ ဆက်အိပ်လို့လည်း မဖြစ်တော့ဘူးလေ။
အိမ်ရှေ့ကနေ ဘတ်စ်ကားမှတ်တိုင်ဆီအသွား လမ်းလေးပေါ့။ " ပုဏ္ဍရိတ်လမ်းလေး " လို့နာမည်ပေးထား တယ်။ ငေးရင်း တွေးရင်း တစ်လှမ်းချင်းလှမ်းတော့ အိမ်ရှေ့လမ်းတစ်လမ်းသာခြားတဲ့ ဟိုဘက်က မှတ်တိုင် မှာရပ်တဲ့ ဘတ်စ်ကားအမြဲလွတ်တယ်။
အလုပ်ရောက်ရင် ပထမဆုံးတွေးတာက ၁၂း၁၅ ရောက်ဖို့ဘယ်လောက်လိုသေးလဲလို့။ ၁၂း၁၅ ဆို ထမင်း စားချိန်ရောက်ပြီလေ။
အလုပ်တွေများပြီး စိတ်တွေသိပ်ရှုပ်လာရင်တော့ အောက်ကပုံလေးထဲက အိမ်သာထဲသွားထိုင်နေလိုက်တာ ပဲ။ စီစီတီဗွီအလွတ်ဆုံးက အဲ့တစ်နေရာပဲရှိတာကိုးလို့။ ဖုန်းလေးကတော့ မသိမသာ အိတ်ကပ်ထဲပါပြီး သား။ ဒါမှ ဖဘလေးဘာလေး ပွတ်နိုင်မှာပေါ့လို့။
ဒီမြင်ကွင်းလေးက မြင်သာမြင်ပြီး မကြင်ရဆိုသလို တံခါးလည်းသော့မခတ်ထားပါပဲ အဝေးကြည့်လေး နဲ့ ကျေနပ်နေရတဲ့ ထမင်းစားခန်းအပြင်ဘက်က မြင်ကွင်းလေးပေါ့။
အမှန်တော့ ၀တ္ထုရှည် စ-ဆုံး ရေးပြီးတင်မလို့ပါ။ နိဒါန်း၊ နိဂုံးပြီးပြီး အလယ်ပျောက်နေတော့ အချိန်တွေ ရှိ သေးတာပဲလေနော်။ နော်လို့။
၁၀:၅၀ (အင်္ဂါ)
၉.၉.၂၀၁၄
Daily Routine Photo Story လေး <3
ReplyDeleteအလယ်မြန်မြန်ရှာတွေ့ပါစေနော်။ နော်လို့ ။
နိုင်ရမယ့်သူမရှိလို့ နာရီလေးကို ရန်လုပ်နေတာလား ငြိမ်းရေ..:P သူမြည်သံပေးနေတာလေးကို ကျေးဇူးတင်ရမှာလေ :) ဘလော့ဂါတွေက အဲ့လိုပဲပြောကြတာပဲ ပို့စ်တွေတင်မယ် တင်ပါ့မယ်။ ၀တ္ထုတို ၀တ္ထုရှည်လေးတွေလဲ ရေးရအုံးမယ်..ဟာဟ.. စတာနော်။ ဘာပြောပြော ပို့စ်လေးတွေဖတ်ခွင့်ရလို့ ကျေးဇူးပါ။
ReplyDeleteစောစောအိပ်လို့စောစောထလို့စောစောလမ်းလျှောက်ကြပါစို..တင်းတောင်တင်းတောင် :P :P
ReplyDeleteပုဏ္ဍရိတ် ပင်လေးတွေ ရန်ကုန်မှာခြံစည်းရိုးလို အသုံးပြုကြတာတွေ့ဖူးပြီး ကြိုက်လို့ တောင်ကြီးမှာပြန်စိုက်တယ်
ReplyDeleteမရှင်ဘူးဟယ် သေကုန်တယ် ခုဖတ်မိတော့ အဲဒီတုန်းကအဖြစ်လေးတွေပြန်သတိရနေမိတယ်ညီမလေးရေ
နာရီအနီလေးနဲ့ ညီမရင်ငြိမ်းသူး) စာရင်းကိုင်အချင်းချင်းမို့ စိတ်ရှုပ်တဲ့အခါ လုပ်တတ်ပုံချင်းလည်းတူနေတာ ဖြစ်မယ်ထင်တယ်နော်။ ;)
ReplyDelete