တစ်နှစ် လည်ခဲ့ပြန်ပေါ့။
ဒီဇင်ဘာဟာ ကိုယ့်အတွက်တော့ နှစ်ပတ်လည်ပဲ။
ကိုယ်ဟာ ဒီဇင်ဘာဖွားတစ်ယောက်ပါလေ။ :P
Sweet December <3
ဆွိဒီဇင်ဘာလို့ တော့မဆိုနိုင်ဘူး။
ချိုသောအရာတွေအပြင် ခါးသီးမှုများစွာကလည်း ဒီဇင်ဘာတင် ဖြစ်ပျက်သွားကြတာကိုး။
တချို့အပိုင်းတွေက ဘဝထဲက ဆုတ်ဖြဲ ဖယ်ထုတ်ချင်လောက်အောင် ခါးသီးလွန်းတယ်။
ဘဝရဲ့ အချိုးအကွေ့ အပြောင်းအလဲများကိုလည်း ဒီဇင်ဘာမှာ ခြေလှမ်းစခဲ့ဖူးတယ်။
ပြီးတော့ ... တစုံတယောက်ကိုလည်း ပြင်းပြင်းရှရှ သတိရသေးတယ်လေ။
မည်သို့ပင်ဆိုစေပေါ့လေ ...
ခရစ်စမတ်ညချမ်းရဲ့ မီးရောင်စုံ အလှတွေမှာ တမေ့တမော ငေးလို့ ပြုံးလို့ ပျော်တာတော့ ဖုံးကွယ်မရနိုင်ဘူး။
အစစ်
အမှန်တွေနဲ့ လက်လှမ်းကွာနေချိန်မှာ အတုအယောင်တွေရဲ့
တဖိတ်ဖိတ်တလက်လက် ဆွဲဆောင်မှုမှာ ကိုယ်ပျော်တတ်ခဲ့တယ်ထင်တယ်။
:P :P
အဲ့လိုနဲ့ ဟိုဟိုဒီဒီ လျှောက်သွားရင်း လက်ဆော့ထားတဲ့ ပုံလေးတွေကို ဗွီဒီယိုကလစ် လုပ်ပစ်လိုက်တယ်။
Happy Birthday to me!!
Marry Christmas!!
Happy New Year!!
ရင်ငြိမ်းသူ
၂၈.၁၂.၂၀၁၅(တနင်္လာ)
ည ၉း၄၀